Sunday, January 25, 2009

တရား မှတ်စုများ - အပိုင်း ၂

ဝါးကိုမှ မတွေ့သေးရင် ၀ါးရဲ့အရင်းနှင့်အဖျားကို ဘယ်လိုမြင်နိုင်ပါ့မလဲ။

အလိုနည်းတဲ့အကျင့်ကို ကြိုးစားကျင့်ပါ။

အကုသိုလ်မဖြစ်အောင် ကြိုးစားပါ။

ဣသာ မိစ္ဆရိယ မဖြစ်ပါစေနဲ့။

ဒုက္ခရှိရဲ့နှင့် ဒုက္ခမရှာပါနဲ့။

ဘယ်ခန္ဓာကိုမှ မခင်တွယ်ပါနှင့် မိမိ သူတပါး နှစ်ဦးစလုံးကို မခင်တွယ်ပါနဲ့။

မြှပ်ခြင်း မျှောခြင်းမှ လွတ်အောင် ကြိုးစားပါ။

သံသရာ ရေယဉ်ကျောမှာ မျှောနေရတာ ဘယ်သူ့ကြောင့်လဲ။ (အဖြေ= တဏှာကြောင့်ပါ။)

အနှစ်ကို ရှာပါ ၊ အကာတွေနှင့် မတင်းတိမ်နေပါနှင့်။

ငရုပ်သီးပိုးဟာ ငရုပ်သီးထဲမှာဘဲ သေကြရတယ်။ လူတွေဟာလဲ ပူမှန်းသိရဲ့နှင့် ချစ်ခင်နေကြတယ်။ ပိုးဖလံမျိုး မီးကိုတိုး။

အချစ်ကချိုမြိန်တယ်။ ဆားမရှိရင်မဖြစ်ပါ။ ဒါပေမဲ့ သွေးတိုးရှိတဲ့သူဟာ ဆားကို ရှောင်ရမယ်။

အချစ်နှင့် မတည့်တဲ့သူအဖို့လဲ အချစ်ကို ရှောင်ရမယ်။ စွဲလန်းစိတ်ကို စွန့်လွတ်ရမယ်။

ပေးဆပ်ချင်တာ မေတ္တာ၊ ရယူချင်တာ ရာဂပါ။

ယောနိသောမနသီကာရ နှလုံးသွင်းမှန်ဖို့အရေးကြိးတယ်။

သွေးရင်းသားရင်းဖြစ်နေပါစေ လောဘဇော၊ မာနဇောကပ်နေရင် မေတ္တာဆိုတာမရှိတော့ပါ။

သေခါနီးတွေက သေခါဝေးတွေအတွက် ပူပန်နေကြတယ်။

တသက်လုံးကိလေသာနှုင့်ဘဲ ပျော်နေကြတယ်။ အာရုံငါးပါးအပေါ်ခင်တွယ်တဲ့စိတ်သည် ခွေးအမဲရိုး ကိုက်တာနှင့်တူတယ်။

မိဘ အိုတာ နာတာကို သားသမီးများက အစား အိုပေးနာပေးလို့ မရသလိုဘဲ၊ သားသမီး ကိုယ်စား မိဘတွေက အိုပေး နာပေးလို့မရနိုင်ပါဘူး။

ကိုယ်ပိုင်ရွှေအိုးကို လုံခြုံတဲ့နေရာမှာ မြှုပ်ရမယ်။ ရွှေအိုးမြှုပ်နည်း သိဖို့လိုအပ်တယ်။

မမျှော်လင့်ဘဲ ပြုန်းခနဲ သေနိုင်သည်။ အသေမဦးမှီ ဥာဏ်ဦး အောင်ကြိုးစားသင့်သည်။

နေတတ်ဖို့လိုသလိုဘဲ သေတတ်ဖို့လဲ အရေးကြီး နေပါပြီ။

ကံသာလျှင် အမိ၊ ကံသာလျှင်အဖ ဆိုတာက လောကရဲ့စကားပါ။ ဥာဏ်သာအမိ ဥာဏ်သာလျှင်အဖ ဆိုတာတော့ ဗုဒ္ဓမြတ်စွာရဲ့ တရားပါ။

အရိုးမရှိတဲ့ လျာ အာခေါင် မစူးစေနှင့်။

ငြိမ်းအေးသော ဘ၀ပိုင်ရှင်ဖြစ်ဖို့အတွက် မာန်မာနကင်းရမယ်။

ခန္ဓာငါးပါးအပေါ်မှာ ကပ်ညှိနေတဲ့ တဏှာရာဂ ကိုပယ်သတ်ရမယ်။

တရား မှတ်စုများ - အပိုင်း ၁

· ပေးကမ်းစွန့်ကျဲတဲ့ အခါ ပြန်ရဖို့ မျှော်လင့်ချက်မထားဘဲ စိတ်သန့်သန့် နဲ့ လှူ ပါ ၊ နဲတာ များတာ အဓိက မကျပါ ၊ အလှူခံ တဲ့ သူ ကောင်းကျိုး ကို မျှော်မှန်းပြီး လှူဒါန်းရမယ်

· ဘုရားကို အာရုံပြု ရင်း အနီးမှာ ရှိသကဲ့သို့ ခံစားရပါမယ် ၊ ဒါဆို မကောင်းမူတွေ မလုပ်ရဲတော့ပါဘူး

· ၀ိပသာနာ နည်းမလုပ် ခင် သမာဓိ ကောင်အောင် သမထ နည်း အရင်ကျင့်ရမယ်

· တရားမထိုင်ခင် ကြိုတင်ပြင်ဆင် ရမယ် - မုတ်ဆိတ် ရိတ် ၊ ရေချိုး ၊ လက်သည်းညှပ် ၊ အ၀တ် အစား သန့်သန့်ရှင်းရှင်းဝတ် . . .

· တရားမထိုင်ခင် ဘုရား တရား သံဃာ ဆရာ မိဘ တို့ကို ကာယကံ ၀စီကံ မနောကံ ဖြင့်ပြစ်မှား ခဲ့သည် ရှိသော် ခွင့်လွင့်ပါရန် ၀န်ချ တာင်းပန်ပါ

· တရားမထိုင်ခင် ခန္တာကိုယ် နှင့် အသက် ကို ဘုရား ကိုအပ်နှံထားပါ

· တရားထိုင် ရင် သတိ နဲ့ ၀ိရိယ တွဲ မိအောင် လုပ်ရမယ်

· တရား ရှိ မှ စိတ်ထိန်း နိုင်မယ်

· တရား သိပြီး ရင် ရှိအောင် လုပ်သင့်တယ်

· တရား မှတ်တာ များလာရင် ခန္တာကိုယ် မှာ သံဝေဂတွေ ဖြစ်လာမယ် ၊ ကာမဂုဏ် တွေ လျော့နည်းလာမယ်

· ဆရာကောင်း တွေ့ ဖို့ အရေးကြီး တယ်

· ဒေါသဖြစ် ရင် မိတ်ဆွေ အပေါင်းအသင်း နဲပါးလာမယ်

· သည်းခံတာဟာ အရှူံး ပေးတာ မဟုတ် ၊ လူတိုင်းမရနိုင် တဲ့ အောက်တန်းကျတဲ့ ဒေါသ ကို အနိုင်ရလိုက်တာဘဲ

· ခွင့်လွတ်တတ်ရမယ် ၊ ကိုယ်က သူများကို ခွင့်လွတ်ဖို့ တောင်းပန်ရမယ် ၊ ကိုယ်က လဲ သူများ ကို ခွင့်လွတ် ၊ မိမိ ကိုယ်ကိုယ် လဲ ခွင့်လွတ်နိုင်ရမယ် ၊ မှားတာကိုလက်ခံပြီး ဒါမျိုးထပ် မဖြစ်အောင် ကျိုးစားရမယ်

· သံဃာ ဆိုတာ ဘုန်းကြီး ၄ ပါးနဲ့ အထက် ကိုဆိုလိုတာ ၊ ဘုန်းကြီး တစ်ပါးထဲ ကို သံဃာ ဟုမခေါ်

· မေတ္တာ ပို့တဲ့ အခါ မိမိ ကိုယ်ကိုယ် အရင်ပို့ပြီး စပါ

· မေတ္တာ ပို့ရင်း အပို့ ခံ သူ ပြုံးလာအောင်ပို့ ပါ

· မေတ္တာ ပွားရင် စိတ်အေးချမ်းမူ ကို ရနိုင်မယ်

· မေတ္တာ ထားရင် ကောင်းတဲ့ တုံ့ ပြန်တာ တွေ့ရမယ်

· မေတ္တာ ပွားရင်း သမာဓိ ကောင်းလာမယ်

· မေတ္တာ ပို့မရရင် သူ့ရဲ့ ကောင်းတဲ့ ဟာတွေကို တွေးလိုက်ပါ

· သီလ ကောင်းရင် အသက်ရှည် တယ်

· ၅ ပါးသီလ မှာ လိမ်တာ အပစ် အကြီး ဆုံးပါဘဲ

· ဆွမ်းကပ်တဲ့ အခါ ၂ တောင့် ထွာ အတွင်းကပ်ရမယ် ၊ တစ်ဦးတည်း ကပ်ရမယ် ၊ အများ ပေါင်းပြီး မကပ်သင့်

· ဆွမ်းကပ်ဖို့ ပင့်ပါတယ်ဘုရားဟု ဘုန်းကြီး ကိုလျှောက်ရမယ် ၊ ဆွမ်း ဆိုတဲ့ စကားလုံး ပါရမယ် ၊ မုန့်ဟင်းခါး ကပ်ချင်လို့ပါလို့ ပြောရင်အာဘတ်သင့်တယ်

· ရုပ်ကလပ် ကို ကိုယ့်ကိုယ်ကိုယ် ဟုအောက်မေ့ပြီး စိတ်ထဲ မှာ အစားသေကြည့်ပြီး ရှု ရမယ်

· ငါသည် သေရဦးမယ် ၊ ငါသည် မုချ သေရမည် ၊ ငါသည် သေဖို့ရာ အချိန် အပိုင်းအခြား သာ လိုတော့သည် ၊ ငါ၏ အသက်ရှည်ခြင်းသည် သေခြင်းတရား နှင့်သာ အဆုံးသတ်ရမည် ဟုဆင်ခြင် နှလုံးသွင်းရမယ်

· သေရမယ် လို့ မြင်ထားရင် မကောင်းတာတွေ မလုပ်တော့ဘဲ ကောင်းတာ တွေ လုပ်ဖို့ ဖြစ်လာလိမ့်မယ်

· မကောင်းတဲ့ စိတ်နဲ့ သေရင် မကောင်းတဲ့ ဘုံ ရောက် တယ် ၊ စိတ်ကောင်း နဲ့ သေရင် ကောင်းတဲ့ ဘုံရောက်တယ်

· စီးပွား ပညာ ရှာ ရင် ငါဘယ်တော့ မှ မသေဘူးဟု စိတ်ထဲ မှာ ထားပြီး ရှာဖွေရတယ်

· တရားရှာရင် ငါအခု သေတော့မှာ ဟု ဆင်ခြင်ရမယ်

· ဒါန သီလ ဘာဝနာ များများ လုပ်ထားမှ အချိန်မရွေး ပြန်ဆင်ခြင်ရင် အောက်မေ့သတိရမယ် ၊ အရမ်းကို ကျေနပ် အားရစိတ်နဲ့ သေသင့်တယ်

· သေခါနီး သုအနား မငိုသင့်ပါ ၊ ကောင်းမူကုသိုလ် တွေ ပြန်ပြောပြပါ ၊ ပရိတ်တရား ဖွင့်ပေးပါ ၊ တရားခွေ ဖွင့်ပေးပြီး တရားမှတ်ဖို့ အားပေး ပါ

· မွေးကတည်း က အိုခြင်းသေခြင်းတွေ ပါလာ တယ်

· ဘ၀ ဟာ သိပ်တိုတာဘဲ ၊ နောက်ထပ် ဘယ်လောက် ထပ်နေရအုံးမလဲ လို့ ကြည့်ရင် အကြာကြီး လိုဘဲ ၊ ပြီးခဲ့ တဲ့ နစ် တွေကိုပြန်ကြည့်လိုက်ရင် ၅ မိနစ်တောင် မကြာဘူးလိုဘဲ ၊ ခဏလေး ဆိုတာ မြင်လာလိမ့်မယ်

· သေခြင်းတရား ကို များများ ပွားထားရင် သေခါနီးမှာ ကြောက်စိတ် မရှိဘဲ သေရတယ်

· ဦးခေါင်းပေါ်မှာရှိသော ဆံပင်တွေသည် အဆင်း အနံ အားဖြင့် လည်းကောင်း ၊ ပုံသဏာန်အားဖြင့်လည်းကောင်း မှီရာအကြောင်း တည်ရာအားဖြင့်လည်းကောင်း ဘာမျှ နှစ်သက်စရာ မြတ်နိုးဖွယ်ရာ မရှိပါတကား ။

· ဆံပင် ၊ အမွှေး ၊ လက်သည်း ခြေသည်း ၊ သွား ၊ အရေ ၊ အသား ၊ အကြော ၊ အရိုး ၊ ခြင်ဆီ ၊ အညို့ ၊ နှလုံး ၊ အသည်း ၊ အမြှေး ၊ အဖျဉ်း ၊ အဆုပ် ၊ အူမ ၊ အူသိမ် ၊ အစာသစ် ၊ အစာဟောင်း ၊ ဦးနောက် ၊ သည်းခြေ ၊ သလိပ် ၊ ပြည် ၊ သွေး ၊ ချွေး ၊ အဆီခဲ ၊ မျက်ရည် ၊ ဆီကြည် ၊ တံတွေး ၊ နှပ် ၊ အစေး ၊ ကျင်ကြီး ကျင်ငယ် စသည် တို့ကို ဆင်ခြင်ရမယ်

· ရောဂါဖြစ်တာ ကြို သိတော့ ကြိုပြီး ပြင်ဆင်ရတာပေါ့ ၊ မဟုတ်ရင် ကောင်းမူ ပြုဖို့ မေ့လျော့ နေတတ်တယ်

· ရွံတွေ ဟာ ရေ နဲ့ မြေကြီး နဲ့ ပေါင်းပြီး မှ ဖြစ်တာဘဲ ၊ ရေမရှိရင် ရွံ ဘယ်ဖြစ်မလဲ ၊ သန့်စင်ဖို့ ရေနဲ့ ဘဲ ဆေးရမှာပေါ့ ၊ စိတ်နဲ့ ဖြစ်လာတဲ့ ကြောက်စိတ် ကိုလဲ စိတ်နဲ့ ဘဲ ပြန်ဆေးကြောရမယ်

· အကြောင်းအရာ တစ်ခုခု ဟာ ကိုယ့် အတွက် ကော သူများ အတွက်ပါ ကောင်းတယ် ဆိုရင် လက်ခံ လိုက်ပါ

· အာနာပါန တရားအားထုတ်နည်း ဆိုတာ ၀င်လေထွက်လေ မှတ်တာကိုခေါ်တာပါ

· တရားထိုင် အစ မှာ သမာဓိ ကောင်းအောင် ဂဏန်း ရေတွက်နည်း သုံးပါ ၊ ၁ မှ အများဆုံး ၁၀ ထိမှတ်နိုင်တယ်

· ၀င်လေ ထွက်လေ ၁ ၊ ၀င်လေ ထွက်လေ ၂ ၊ . . . ၀င်လေ ထွက်လေ ၈ ၊ တစ်က ပြန်စ ၊ ၁၀ ခေါ်က်ပြီးရင် တစ်ဝါရ လို့ ခေါ်တယ်

· တရားမထိုင်ခင် ဆိတ်ညိမ် တဲ့ နေရာကိုရွေးရတယ် ၊ အသံကြောင့် သမာဓိ ပျက်တတ်တယ်

· စိတ်ဆိုတာ ထိမ်းရခက်တော့ လွတ်ထားရင် ပိုပြီး ထိမ်းရခက်တယ် ၊ လျှောက်သွား နေတဲ့ နွား ကို ကြိုးနဲ့ သစ်ပင်မှာ ချည်လိုက်သကဲ့သို့ စိတ်ကို လဲ တရားရှု နည်းတစ်ခုခု နဲ့ ချည်ထားရမယ်

· ၀င်လေ ထွက်လေ မှတ် တဲ့ အချိန်မှာ အသက် ရှူ သွင်း ရှူထုတ် ညီမျှ အောင် မှတ်ရမယ် ၊ ရှူ သွင်းတာ များနေရင် နောက်ပြန်ကျသလို ဖြစ်ပြီး ၊ ရှူ ထုတ်ထာ များနေရင် ခေါင်းငိုက်လာတတ်တယ်

· ကောင်းဖို့ အကြံပေးတာ လက်မခံနိုင် သူကို ဆက်ပြီး မပြောသင့် ( ငှက် နှင့် မျောက် မိုးရွာတုံး အခိုက် ဖြစ်ပျက်ပုံ၊ ငှက် က အိမ်နဲ့ နေ ၊ မျောက်က ရေစိုပြီး နေစရာ မရှိ)
· ဆုံးမလွယ်တဲ့ သူတွေ လိုချင်ရင် ကိုယ်တိုင် စံပြဖြစ်အောင် နေပြပါ

Wednesday, January 21, 2009

ဆရာတော်ကြီးများ၏ အသိပေးစကားစုများ

အထွတ်အထိပ်ကို
ရောက်သွားသူတိုင်း
အခက်အခဲတွေကို
ရင်ဆိုင်ခဲ့ရတာတွေချည်းပါပဲ။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အမှိုက်လှဲ ပြီးမှ
ရှင်းတာထက်
မရှုပ်ဘဲ ရှင်းနေတာက
ပိုကောင်းမယ်......................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အရွယ်ချင်း မတူရင်...............
နေရာချင်း မတူရင်...............
အဖြစ်ချင်း မတူရင်..............
အသိချင်း မတူနိုင်ပါဘူး.........
ဒါလေးတော့
နားလည်သင့်တာပေါ့..................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်ကမှန်အောင်နေပြီး
သူများမှားနေရင်လည်း
နားလည်နိုင်ရမယ်.............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကောင်းတာတွေကို ကြိုးစားလုပ်ရင်းနဲ့
လုပ်သမျှတွေဟာ ..
အကောင်းချည်း ဖြစ်လာရင်
အကောင်းဆုံးပေါ့
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ပြဿနာဆိုတာ လောကရဲ့ ဂုဏ်ပုဒ်တစ်ခုပါ
ကိုယ်နဲ့ သိပ်မဆိုင်ရင်
ပြဿနာက သေးတယ်
များများဆိုင်ရင် ပြဿနာက ကြီးလာပြီ
လုံးဝမဆိုင်တော့ရင်တော့
ပြဿနာမရှိတော့ပါဘူး
ဓမ္မဒူတဆရာတော် (မှော်ဘီ)

လေကြောင့် ပျံသန်းနိုင်တဲ့ ငှက်ဟာ
လေရှိမှန်း မသိကြသလို
ရေကြောင့် ကူးခပ်နိုင်တဲ့ ငါးဟာ
ရေရှိမှန်း မသိကြသလို
ဓမ္မ အဓမ္မကြောင့်
ကောင်းကောင်း ဆိုးဆိုး
ဖြစ်နေတဲ့ သတ္တ၀ါတွေ ဟာလည်း
ဓမ္မ အဓမ္မကို
ရှိမှန်း မသိကြပါဘူး...............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ပေးနိုင်သူ ထံက တောင်း၊
လက်ခံမယ့် သူကို ပေး၊
ဒါမှ အဆင်ပြေမယ်...............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

လုပ်သင့်တာကို မလုပ်မိရင်
မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်.
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကိုယ်ပြုသမျှ ကံများသည်ပင်
ကိုယ်ရှေ့ဆက်ရမည့် ခရီးအတွက်
ခရီးသွားလက်မှတ်များ ဖြစ်ပါတယ်
ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

လေးစားထိုက်သူရဲ့ စကားကိုမှ
နားထောင်ကြတာ။
ကိုယ့်စကား
နားထောင်စေချင်ရင်
လေးစားထိုက်အောင်နေပေါ့.........။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မေတ္တာ ပို့နေရုံနဲ့
မဖြစ်သေးဘူး
မေတ္တာဓာတ်တွေ
ရှိနေဖို့က
အရင်လိုအပ်တယ်။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်ကျင့်တရား ဖြူစင်ရင်
အသိတရား မြင့်မြတ်လာသလို
စစ်မှန်တဲ့ အသိတရားရရှိသူဟာလည်း
ကိုယ်ကျင့်တရား ဘယ်တော့မှ မပျက်စီးဘူး..
ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

"မမှားသော ရှေ့နေ၊ မသေသော ဆေးသမား" တဲ့
ဒီဖြေဆေးဟာ ဆေးယဉ်သွားရင်
ရောဂါကျွမ်းတတ်တယ်။
မမှားတာ အကောင်းဆုံးပဲ....
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ)

Sunday, January 18, 2009

မှန်ကန်သော အားထုတ်မူ

၁. ဖြစ်ပြီး အကုသိုလ် နောက်မဖြစ်အောင် ဆင်ခြင်ရမယ် ၊ ဖြစ်ခဲ့ဖူးတဲ့ အကုသိုလ် ကို စဉ်းစား တွေဝေ နောင်တ ရနေမယ့် အစား နောင် ဒီလို မျိုး မဖြစ်ရ အောင် ဆင်ခြင်နေထိုင်မယ် လို့ စိတ်ထဲ မှာ ထားသင့်တယ် ၊ မဟုတ်ရင် ပြန်တွေးတိုင်း သတိရပြီး အကုသိုလ်တွေ ဆက်ဖြစ်နေလိမ့်မယ် ။

၂. မဖြစ်ဖူး သေးသော အကုသိုလ် မဖြစ်ရအောင် ဆင်ခြင် အားထုတ်ရမယ် ။

၃. မဖြစ်ဘူးသေးသော ကုသိုလ် ပြုရမယ် ။

၎. ဖြစ်ပြီး ကုသိုလ် ကိုပွားများအောင် ဆက်ပြီး လုပ်ရမယ် ။

Wednesday, January 7, 2009

ဒုက္ခ သံသရာ လည်ပုံ

မသိလို့လိုချင်ပါသည် (ဘ၀)
လိုချင်တော့ ရအောင်လုပ်သည်
ရအောင်လုပ်တော့ရလာသည် (ဘ၀)
ရတာတွေက ဒုက္ခ ဖြစ်သည် (ခန္ဓာ)
ဒုက္ခ ကို ဒုက္ခ မှန်းမသိပြီ
မသိတော့ လိုချင် ပြန်သည် . . .

Tuesday, January 6, 2009

ဆုံ နဲ့ စည်

တစ်ခါတုံး က နန်းတော်ကြီး အတွင်းမှာ စည်ကြီး တစ်ခု ခန့်ခန့် ငြားငြား ကြီး ရှိသတဲ့ ။ နန်းတော်ကြီး ရဲ့ အနောက် ဖက်က မီးဖိုထဲ မှာ လဲ ဆုံ ကြီး တစ်ခု ရှိသတဲ့ ။ စည်ကြီး ကို တီးသံကြားတဲ့ အခါ ဆုံ ကြီး က သိပ်ပြီး အားကျ သတဲ့ ။

တစ်နေ့ တော့ ဆုံကြီး က စည်ကြီး ကို ၊ အစ်ကိုကြီး စည်လို ဖြစ်ချင်လိုက်တာ ဆိုပြီး စည်ကြီးကို ပြောသတဲ့ ၊ နန်းတော် အလည်မှာ ခန့်ခန့် ငြားငြား နဲ့ နေချင် သတဲ့ ။ ဆုံကြီး ခမျာ မီးဖို ထဲ မှာ အကြိမ်ကြိမ် ထောင်းခံ ရတာ အလွန် ပင်ပန်း ကြောင်းပြောပြသတဲ့ ။ ဒီတော့ အစ်ကိုကြီး စည်ကြီး က ဆုံကြီး ကို ဘယ်လို ပြန်ပြော သလဲ ဆိုတော့ ၊ ဒီမှာ ညီလေး ဆုံကြီး ၊ ငါ့မှာ လဲ မချောင်ပါဘူးကွာ ၊ အချိန်တိုင်း အတီးခံ နေရတာ ၊ ဒုတ်မှာ သရေ ပါတ်ပြီး တော့ ဘယ်ပြန် ညာပြန် ရိုက်ခံ နေရတာ ၊ အသံကျယ်ကျယ် ကြားချင်ရင် ပိုပြီးတော့ နာနာ ရိုက်ခံ ရသေးတယ် လို့ ပြန်ပြောသတဲ့ ။

ဒီသင်ခန်းစာ မှာ ကိုယ်ဘယ်နေရာ မှာ ရောက်နေရောက်နေ အဆင်မပြေမူ တွေ ကတော့ ရှိနေမှာ ဘဲဆိုတာ သတိပြု သင့်တယ် ၊ လက်ရှိ အနေအခြေ အနေ ကို အပစ်တင် နေမယ့် အစား ကိုယ်လုပ်နေကျ အလုပ် ကို ပုံမှန် လုပ်ပြီး တင်းတိမ် ရောင့်ရဲ ဖို့ လိုအပ်တယ် ဆိုတာ သတိပြုမိသင့်ပါတယ် ။ တင်းတိမ် တယ် ဆိုတာ ဘာမှ မလုပ်ဘဲ ပျင်းရိတာမျိုးလဲ မဖြစ်ဖို့ ဆရာတော် တစ်ပါး က သတိပေးဖူးတယ် ။

အချိန်တိုင်း ကုသိုလ်

ကုသိုလ်ဆိုတာကောင်းတဲ့ အလုပ်ဘဲ မဟုတ်လား ၊ ဒီတော့ ဘယ်လောက် တစ်ခါလုပ်သင့်သလဲ ၊ တစ်ပါတ်တစ်ခါလား ၊ တစ်လ တစ်ခါလား လို့ မိမိကိုယ်ကိုယ် ပြန်ဆန်းသပ်ကြည့်သင့်တယ် ။ ငါ မနက်ဖြန် အလုပ်တက် ရအုံးမယ်၊ စာကျက်ရအုံးမယ် နဲ့ ကုသိုလ် လေးတွေ လုပ်ဖို့ မေ့နေတတ် ကြတယ် ။

ဆရာတော် တစ်ပါး က ဥပမာ တစ်ခု ပေးဖူးတယ် ၊ ခွက်တစ်ခု ထဲ ကို ဂေါက်သီးလုံးတွေ အပြည့်ထည့်လိုက်ပါတဲ့ ၊ နောက်ထပ် ထည့်လို့ရသေးသလား လို့ မေးတော့ မရတော့ပါဘူး လို့ ဖြေလိုက်တယ် ၊ ကဲ ဒါဆို ကျောက်စလစ်လုံး သေးသေးလေးတွေ ထည့်လိုက်ပါတဲ့ ၊ အဲဒီတော့ ၀င်သွားတယ် ။ ဂေါက်သီးလုံး တွေ နဲ့ ကျောက်စလစ်လုံး လေးတွေ ခွက်ထဲ မှာ အတူ ရှိ မနေဘူးလား ။

ဒီသင်ခန်းစာ မှာ ဂေါက်သီးလုံးတွေ က ကိုယ်နေ့တိုင်းလုပ်နေရတဲ့ ပုံမှန် အလုပ်သွား ၊ ဟင်းချက် ၊ အိမ်သန့်ရှင်းရေး စတာတွေ နဲ့ မတူဘူးလား ။ ကျောက်စလစ်လုံးတွေ က နေ့စဉ် လုပ်နေကျ ဘုရားရှိခိုး ၊ ဆွမ်းတော်ကပ် ၊ တရားထိုင် စတဲ့ ကုသိုလ်တွေ နဲ့ မတူနေဘူးလား ။ ကုသိုလ် ဆိုတာ သေးသေးမွှားမွှား လဲ ကုသိုလ်ဘဲ ၊ ကထိန် ခင်း မှ ကုသိုလ် လို့ ခေါ်တာ မဟုတ်ဘူး ။

ဒီလို နဲ့ တစ်ရက် တစ်ရက် ကို ၅ မိနစ် ဘဲ ဖြစ်ဖြစ် ၁၀ ၊ ၁၅ မိနစ် ဘဲ ဖြစ်ဖြစ် တဖြေးဖြေးနဲ့ လုပ်လာ ရင် တစ်လ ကြာရင် ၊ တစ်နစ် ကြာရင် ဘယ်လောက် ဖြစ်လာမလဲ ၊ တဖြေးဖြေး နဲ့ များမလာဘူးလား ။ ကိုယ်လုပ်ထားတဲ့ ကုသိုလ်တွေ ကိုလဲ စာအုပ်တစ်ခု နဲ့ ဖြစ်ဖြစ် မှတ်ထားသင့်တယ် ၊ ဒါမှ နောင်တစ်ခါပြန်ကြည့်တဲ့ အခါ အလွန်အားရ ပီတိ ကျေနပ်မူ တွေ ဖြစ်လာမယ် ။ တဖြေးဖြေးနဲ့ စုရင်းများလာရင် ပါဝါ ကြီး လာတာပေါ့ ။ ပါဝါ ရှိလေ ကုသိုလ် ဆက်လုပ်ဖို့ စိတ်စေတနာ ပိုပြီး ထက်သန်လာမည်မှာ မလွဲ ပေ ။