Tuesday, January 6, 2009

ဆုံ နဲ့ စည်

တစ်ခါတုံး က နန်းတော်ကြီး အတွင်းမှာ စည်ကြီး တစ်ခု ခန့်ခန့် ငြားငြား ကြီး ရှိသတဲ့ ။ နန်းတော်ကြီး ရဲ့ အနောက် ဖက်က မီးဖိုထဲ မှာ လဲ ဆုံ ကြီး တစ်ခု ရှိသတဲ့ ။ စည်ကြီး ကို တီးသံကြားတဲ့ အခါ ဆုံ ကြီး က သိပ်ပြီး အားကျ သတဲ့ ။

တစ်နေ့ တော့ ဆုံကြီး က စည်ကြီး ကို ၊ အစ်ကိုကြီး စည်လို ဖြစ်ချင်လိုက်တာ ဆိုပြီး စည်ကြီးကို ပြောသတဲ့ ၊ နန်းတော် အလည်မှာ ခန့်ခန့် ငြားငြား နဲ့ နေချင် သတဲ့ ။ ဆုံကြီး ခမျာ မီးဖို ထဲ မှာ အကြိမ်ကြိမ် ထောင်းခံ ရတာ အလွန် ပင်ပန်း ကြောင်းပြောပြသတဲ့ ။ ဒီတော့ အစ်ကိုကြီး စည်ကြီး က ဆုံကြီး ကို ဘယ်လို ပြန်ပြော သလဲ ဆိုတော့ ၊ ဒီမှာ ညီလေး ဆုံကြီး ၊ ငါ့မှာ လဲ မချောင်ပါဘူးကွာ ၊ အချိန်တိုင်း အတီးခံ နေရတာ ၊ ဒုတ်မှာ သရေ ပါတ်ပြီး တော့ ဘယ်ပြန် ညာပြန် ရိုက်ခံ နေရတာ ၊ အသံကျယ်ကျယ် ကြားချင်ရင် ပိုပြီးတော့ နာနာ ရိုက်ခံ ရသေးတယ် လို့ ပြန်ပြောသတဲ့ ။

ဒီသင်ခန်းစာ မှာ ကိုယ်ဘယ်နေရာ မှာ ရောက်နေရောက်နေ အဆင်မပြေမူ တွေ ကတော့ ရှိနေမှာ ဘဲဆိုတာ သတိပြု သင့်တယ် ၊ လက်ရှိ အနေအခြေ အနေ ကို အပစ်တင် နေမယ့် အစား ကိုယ်လုပ်နေကျ အလုပ် ကို ပုံမှန် လုပ်ပြီး တင်းတိမ် ရောင့်ရဲ ဖို့ လိုအပ်တယ် ဆိုတာ သတိပြုမိသင့်ပါတယ် ။ တင်းတိမ် တယ် ဆိုတာ ဘာမှ မလုပ်ဘဲ ပျင်းရိတာမျိုးလဲ မဖြစ်ဖို့ ဆရာတော် တစ်ပါး က သတိပေးဖူးတယ် ။

No comments:

Post a Comment