Sunday, January 25, 2009

တရား မှတ်စုများ - အပိုင်း ၂

ဝါးကိုမှ မတွေ့သေးရင် ၀ါးရဲ့အရင်းနှင့်အဖျားကို ဘယ်လိုမြင်နိုင်ပါ့မလဲ။

အလိုနည်းတဲ့အကျင့်ကို ကြိုးစားကျင့်ပါ။

အကုသိုလ်မဖြစ်အောင် ကြိုးစားပါ။

ဣသာ မိစ္ဆရိယ မဖြစ်ပါစေနဲ့။

ဒုက္ခရှိရဲ့နှင့် ဒုက္ခမရှာပါနဲ့။

ဘယ်ခန္ဓာကိုမှ မခင်တွယ်ပါနှင့် မိမိ သူတပါး နှစ်ဦးစလုံးကို မခင်တွယ်ပါနဲ့။

မြှပ်ခြင်း မျှောခြင်းမှ လွတ်အောင် ကြိုးစားပါ။

သံသရာ ရေယဉ်ကျောမှာ မျှောနေရတာ ဘယ်သူ့ကြောင့်လဲ။ (အဖြေ= တဏှာကြောင့်ပါ။)

အနှစ်ကို ရှာပါ ၊ အကာတွေနှင့် မတင်းတိမ်နေပါနှင့်။

ငရုပ်သီးပိုးဟာ ငရုပ်သီးထဲမှာဘဲ သေကြရတယ်။ လူတွေဟာလဲ ပူမှန်းသိရဲ့နှင့် ချစ်ခင်နေကြတယ်။ ပိုးဖလံမျိုး မီးကိုတိုး။

အချစ်ကချိုမြိန်တယ်။ ဆားမရှိရင်မဖြစ်ပါ။ ဒါပေမဲ့ သွေးတိုးရှိတဲ့သူဟာ ဆားကို ရှောင်ရမယ်။

အချစ်နှင့် မတည့်တဲ့သူအဖို့လဲ အချစ်ကို ရှောင်ရမယ်။ စွဲလန်းစိတ်ကို စွန့်လွတ်ရမယ်။

ပေးဆပ်ချင်တာ မေတ္တာ၊ ရယူချင်တာ ရာဂပါ။

ယောနိသောမနသီကာရ နှလုံးသွင်းမှန်ဖို့အရေးကြိးတယ်။

သွေးရင်းသားရင်းဖြစ်နေပါစေ လောဘဇော၊ မာနဇောကပ်နေရင် မေတ္တာဆိုတာမရှိတော့ပါ။

သေခါနီးတွေက သေခါဝေးတွေအတွက် ပူပန်နေကြတယ်။

တသက်လုံးကိလေသာနှုင့်ဘဲ ပျော်နေကြတယ်။ အာရုံငါးပါးအပေါ်ခင်တွယ်တဲ့စိတ်သည် ခွေးအမဲရိုး ကိုက်တာနှင့်တူတယ်။

မိဘ အိုတာ နာတာကို သားသမီးများက အစား အိုပေးနာပေးလို့ မရသလိုဘဲ၊ သားသမီး ကိုယ်စား မိဘတွေက အိုပေး နာပေးလို့မရနိုင်ပါဘူး။

ကိုယ်ပိုင်ရွှေအိုးကို လုံခြုံတဲ့နေရာမှာ မြှုပ်ရမယ်။ ရွှေအိုးမြှုပ်နည်း သိဖို့လိုအပ်တယ်။

မမျှော်လင့်ဘဲ ပြုန်းခနဲ သေနိုင်သည်။ အသေမဦးမှီ ဥာဏ်ဦး အောင်ကြိုးစားသင့်သည်။

နေတတ်ဖို့လိုသလိုဘဲ သေတတ်ဖို့လဲ အရေးကြီး နေပါပြီ။

ကံသာလျှင် အမိ၊ ကံသာလျှင်အဖ ဆိုတာက လောကရဲ့စကားပါ။ ဥာဏ်သာအမိ ဥာဏ်သာလျှင်အဖ ဆိုတာတော့ ဗုဒ္ဓမြတ်စွာရဲ့ တရားပါ။

အရိုးမရှိတဲ့ လျာ အာခေါင် မစူးစေနှင့်။

ငြိမ်းအေးသော ဘ၀ပိုင်ရှင်ဖြစ်ဖို့အတွက် မာန်မာနကင်းရမယ်။

ခန္ဓာငါးပါးအပေါ်မှာ ကပ်ညှိနေတဲ့ တဏှာရာဂ ကိုပယ်သတ်ရမယ်။

No comments:

Post a Comment