Monday, February 9, 2009

တရား မှတ်စုများ - အပိုင်း ၃

သဒ္ဓါတရားသည် အဖိုးအတန်ဆုံးပါဘဲ။

အကောင်းဆုံး အရသာသည် သစ္ခာရှိမှုပါ။

ပညာဖြင့် အသက်ရှင်မှုသည် အကောင်းအမြတ်ဆုံးဖြစ်သည်။

အသိနှင့်အကျင့် ပြည့်စုံမှ တန်ဖိုးရှိမယ်။

တရားမှတပါး အခြားအားကိုးစရာမရှိဘူး။ ဒါကြောင့် အားကိုး မလွဲစေနှင့်။

တဏှာကုန်မှ ဒုက္ခကုန်တယ်။

ဝေဒနာဟောင်းပျောက်ပြီးတော့ ဝေဒနာ အသစ်မဖြစ်အောင် စားပါ။

သိတဲ့အတိုင်း ကျင့်နိုင်မှ တန်ဖိုးရှိမယ်။

အသိနှင့် အကျင့် ကိုက်ညီနိုင်အောင် ကြိုးစားရမယ်။

မခံချင်စိတ်မှာ ဒေါသပါနေတယ်။

အဆင့်မြင့်တဲ့စိတ်ရှိသူ၏ အပြုအမူသည် သူတပါးကို မထိခိုက်စေဘူး။

မိမိ ဒါမှမဟုတ် သူတပါးတွင် ထိခိုက်နစ်နာမှုကို ဖြစ်စေတဲ့ ကာယကံမှု ၀ဇီကံမှု မနောကံမှု များသည် အပစ်ရှိပါတယ်။

ကျေးဇူးသိတတ်တဲ့လူကရှားတယ်၊ ကျေးဇူးဆပ်တတ်တဲ့သူက ပိုရှားတယ်။ (ဆပ်တတ်ရဲ့လား ဆပ်ဖြစ်ရဲ့လား။)

လူ့ဘ၀ရဲ့တန်ဖိုးကို တရားဖြင့်သာတိုင်းတာနိုင်တယ်။ (ယောဆရာတော်)

နိုးနိုးကြားကြား အားထုတ်လိုက်ရင် တဏှာ့ကျွန်အဖြစ်က လွတ်မြောက်နိုင်တယ်။

အချင်းချင်း ရန်တိုက်ပေးတာ လူမဟုတ်ဘူး။ လောဘ၊ ဒေါသ၊ မောဟ၊ မာနတရားတွေဘဲ။

သဘောထားသည် အရေးကြီးတယ်၊ အမြင်ခြင်းတူညီဖို့ဆိုတာ မလွယ်ဘူး။ အကြိုက်ခြင်းတူဖို့ ဆိုတာလဲ မလွယ်ဘူး။ နားလည်မှု ရှိဖို့က ပိုအရေးကြီးတယ်။

တရားနာပြီး အပြန်ရိက္ခာပါအောင်ယူပါ။ ကြားပြန်မဖြစ်စေနဲ့။

မိမိခန္ဓာကိုယ်ရဲ့ နှိပ်စက်မှုဒဏ်ကို မြင်အောင်ကြည့်ပါ။

ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏကို အမြဲဆင်ခြင်သုံးသပ်ပါ။ ဆံပင်ဖြူတာ မမြဲလို့ပါ။ အသုဘကို သုဘလုပ်ချင်နေကြတယ်။ အမြဲဆင်ခြင် နှလုံးသွင်းပါ။

နေမကောင်းတဲ့အခါ ဗုဒ္ဓါနုဿတိပွါးများပါ။

အဓိပါယ်ရှိတဲ့ဘ၀ဆိုတာ တန်ဖိုးဖြတ်လို့မရဘူး။

ဒီခန္ဓာရထားကတည်းက ရောဂါတွေနှင့်ပြည့်နေတယ်။ ဆာနာပေါက်လိုက် ၀နာပေါက်လိုက်။

ခန္ဓာရဲ့အပစ်ကို မမြင်သေးရင် ဒုက္ခုငြိမ်းတဲ့ နိဗ္ဗါန်ကို ရောက်ချင်မှာ မဟုတ်ဘူး။

မာနဆိုတာ မထားအပ်ဘူး။ လူ့အောက်ကြို့တယ်ဆိုတာ လူတော်မှလုပ်နိုင်တာ။

သဘောထားတူတာနှင့် နားလည်မှုရှိတာ မတူသေးဘူး။ သဘောထားတူဖို့ဆိုတာ မလွယ်ပေမဲ့ နားလည်မှုရှိရင် အရာရာတိုင်းမှာ အပေးအယူမျှလို့ အဆင်ပြေနိုင်တယ်။

လောကမှာ မသိတာ အခက်ဆုံးဘဲ။

No comments:

Post a Comment