Thursday, September 24, 2009

ချမ်းသာရေး

လူတိုင်းမှာ ချမ်းသာချင်တဲ့ ရည်ရွှယ်ချက်နှင့် မေတ္တာတွေပို့ကြတယ်၊ နုသာတိ တွေ ပွါးများကြတယ်၊ သမထဘာဝနာ ၊ ၀ိပသာနာဘာဝနာတွေ ပွါးများအားထုတ်ကြတယ်။ အထူးသဖြင့်တော့ စိတ်ချမ်းသာဖို့ပါဘဲ။ စိတ်ချမ်းသာမယ်ဆိုရင် ကိုယ်လဲ အလိုလိုချမ်းသာ လာပါတယ်။
ဘာကြောင့်လူတွေ မချမ်းသာကြတာလဲလို့ ဆန်းစစ်ကြည့်လိုက်ရင် လိုချင် တတ်မက်တဲ့လောဘစိတ်၊ စိတ်ဆိုး စိတ်ပျက်တဲ့ ဒေါသစိတ်၊ မောက်မာထောင်လွှားတဲ့ မာနစိတ်၊ နမျှောတွန့်တိုတဲ့ မိစ္ဆရိယစိတ်၊ အသိအမြင်တွေလွဲမှားနေတဲ့ အတွက်ကြောင့် ဆင်းရဲကြရတယ်။
လူတွေဟာ အတိတ်က အဖြစ်အပျက်တွေကို ပြန်တွေးလိုက် မဖြစ်သေးတဲ့ အနာဂါတ်အတွက် ကြိုတွေးပြီးတော့ စိုရိမ်မှု သောကတွေ ဖြစ်ပြီးတော့ စိတ်မချမ်းသာဖြစ် ကြတာများတယ်။ ဒီအတွေး တွေးမိရင် လောဘတွေ ပိုကြီးလာတယ်၊ ဒေါသတွေ သောက တွေပို ကြီးလာမယ်ဆိုရင် ဒီလိုအတွေးမျိုးတွေ မတွေးမိဖို့ ကြိုးစားသင့်တယ်။ မင်္ဂလာရှိတဲ့ အတွေးမျိုးကိုဘဲ တွေးသင့်တယ်။ ဒါမှချမ်းသာနိုင်မယ်။
စိတ်ဆိုတာ ကိုယ်ထားတဲ့နေရာမှာ မနေတာများတယ်၊ ဟိုတွေးလိုက် ဒီတွေး လိုက်နှင့် ငြိမ်ငြိမ်ကို မနေချင်ဘူး။ တခါတရံ ပြုသင့်တဲ့ ကိစ္စကို မပြုမိခဲ့လို့သော်လည်ကောင်း မပြုသင့်တာကို ပြုခဲ့မိလို့ဖြစ်စေ နောင်တတွေရပြီးတော့လဲ စိတ်ရောက်ရက်ခတ်ပြီးတော့ မငြိမ်မသက်ဖြစ်တတ်တယ်။
အကုသိုလ်ဖြစ်မဲ့ အပြုအမူ အပြောအဆိုမျိုးကို ရှောင်ကျဉ်မယ်ဆိုရင်လဲ ချမ်းသာတယ်။ မိမိ သူတပါး ထိခိုက်နစ်နာမဲ့ အလုပ်မျိုးကို ရှောင်မယ် အပစ်မကင်းတဲ့ အပြောအဆိုတွေကို ရှောင်မယ်ဆိုရင် တလောကလုံးချမ်းသာနိုင်တယ်။

No comments:

Post a Comment